drop down menu

Monday, July 11, 2016

"​လွမ်း​တယ် ​ဟု​မ္မ​လင်း​"


​ရာ​သီ​စာ​မုန့်​ညင်း​ဟင်း​ပေါင်း​ချက်

​ရှမ်း​င​ပိ​မီး​အုံး ​ကောက်​သစ်​ဆန်

​ခပ်​ထွေး​ထွေး​ကို ​အ​မေ​ကျွေး​ခဲ့​တာ​ကို​လွမ်း​တယ်။

​ချမ်း​စီး​စီး​နှင်း​မှုန်​ကြား​မှာ ​သား​ရေ

​အ​နွေး​ထည်​အ​ထပ်​ထပ်​ဝတ် ​ခြေ​အိပ်၊​လက်​အိပ်​စုံ​ပါ​စေ

​ရော့​သား ​အ​နွေး​ဦး​ထုပ်​ကို​ဆောင်း ​လမ်း​မှာ​ဂ​ရု​စိုက်​လို့

 ​အ​မြဲ​မှာ​တဲ့​အ​မေ့​ကို​လွမ်း​တယ်။

​တစ်​ခါ​တစ်​လေ ​စော​စော​စီး​အ​မေ​ထ​လို့

​မီး​ဖို​ကာ ​ပေါင်း​သင်း​ဖုတ်​ကျွေး​တာ​ကို​လည်း​လွမ်း​တယ်။

​အ​ဆောင်​နေ​စဉ်​ကျောင်း​သား​ဘဝ ​မီး​ဖို​ဘေး​မှာ

​ဝိုင်း​အုံ​လို့​မီး​လှုံ​ဖော်​သူ​ငယ်​ချင်း​တွေ​ကို​လည်း​လွမ်း​တယ်။

​ရှမ်း​မုန့်​ဟင်း​ခါး​တစ်​ဇွန်း​စား ​ဟင်း​ရည်​တစ်​ခါ​သောက်​တဲ့

​အ​ရ​သာ​ကို​လည်း​လွမ်း​တယ်။

​သား​လေး​အ​ဝေး​ပ​ညာ​ရှာ​တော့ ​အ​မေ​မှာ​ခဲ့​တယ်

​ရိုး​သား​ပြီး​ကြိုး​စား​ပါ​တဲ့

​အ​မေ​ရေ...​သား​ကြိုး​စား​လို့​ပ​ညာ​ရှာ​ခဲ့​ပေ​မယ့်

​ရိုး​သား​မှု​ကို​တော့ ​တော်​တေ်ာ​ထိန်း​သိမ်း​နေ​ရ​တယ်

​ဒါ​ကြောင့်​ရိုး​သား​တဲ့​ကျွန်​တို့​မြို့လေး​ကို​ပို​လွမ်း​တယ်​အ​မေ။

​နံ​နက်​ချိန်​မှာ​နေ​ခြည်​သောက်​တဲ့​ချင်း​တွင်း​မြစ်​ကြီး​ကို​လည်း​လွမ်း​တယ်။

​နာ​ဂ​တောင်​တန်း​ကြီး​ဆီ​ကို ​တ​ရွေ့​ရွေ့​ငုတ်​လျှိုး​ပျောက်​ကွယ်​နေ​တဲ့

​နေ​မင်း​ကြီး​ရဲ့​အ​လှ​ကို​လည်း ​လွမ်း​တယ်။

​တစ်​ချက်​တစ်​ချက်​ပျံ့​လွှင့်​လာ​တဲ့​တောင်​ပေါ်စေ​တီ​ရဲ့​ဆည်း​လည်း​သံ​လေး​ကို​လည်း​လွှမ်း​တယ်။

​အ​လွှမ်း​တွေ​စု​ပြုံ​လို့​လွှမ်း​တယ် ​မြို့​လေး​ရေ။ ။ 



No comments:

Post a Comment