drop down menu

Showing posts with label Articles. Show all posts
Showing posts with label Articles. Show all posts

Friday, July 22, 2016

ထ​မံ​သီ​ဆည်

​မြန်​မာ​စစ်​အ​စိုး​ရ​က ​အိ​န္ဒိ​ယ​နိုင်​ငံ ​အ​မျိုး​သား ​ရေ​အား​လျှပ်​စစ်​ထုတ်​လုပ်​ရေး ​ကော်​ပို​ရေး​ရှင်း [India’s National Hydroelectric Power Corporation (NHPC)] ​နှင့် ၂၀​ဝ၄ ​ခု​နှစ်​တွင် ​စစ်​ကိုင်း​တိုင်း ​အ​နောက်​ဖက်​ပိုင်း​ရှိ ​ချင်း​တွင်း​မြစ်​ပေါ် ​တွင် ​ထ​မံ​သီ​ဆည်​တည်​ဆောက်​ရေး​အ​တွက် ​နား​လည်​မှု ​စာ​ချွန်​လွှာ​တ​ရပ်​ကို ​သ​ဘော​တူ​ညီ​လက်​မှတ်​ရေး​ထိုး​ခဲ့​ပါ​သည်။ ၂၀​ဝ၈ ​ခု​နှစ် ​စက်​တင်​ဘာ​လ ၁၆ ​ရက်​နေ့​တွင် ​ထ​မံ​သီ​ဆည်​နှင့် ​ပတ်​သက်​၍ (NHPC) ​က ​မြန်​မာ​နိုင်​ငံ ​ရေ​အား​လျှပ်​စစ် ​လုပ်​ငန်း​ဌာ​န​နှင့် ​သ​ဘော​တူ​ညီ​ချက်​အ​သစ်​တ​ရပ်​ကို ​ထပ်​မံ​လက်​မှတ်​ရေး​ထိုး​ခဲ့​ကြ​ပါ​သည်။ ​မြန်​မာ​နိုင်​ငံ​ရှိ ​ရေ​အား​လျှပ်​စစ် ​လုပ်​ငန်း​များ ​အ​ကောင်​အ​ထည်​ဖော်​ရေး​ဌာ​န (DHPI) ​က (NHPC) ​နှင့် ​ဖက်​စပ်​ရင်း​နှီး​မြှုပ်​နှံ​၍ ​ထ​မံ​သီ​ဆည်​နှင့် ​ရွှေ​ဆေး ​ဆည်​များ​ကို ​တည်​ဆောက်​ကြ​မည် ​ဖြစ်​သည်။

​ဆည်​နှင့် ​ပတ်​သက်​သည့် ​အ​ချက်​အ​လက်​များ

  • ​အ​မြင့်။ ၈၀ ​မီ​တာ
  • ​တပ်​ဆင်​ထား​သည့် ​စွမ်း​အား။ ၁,၂၀​ဝ ​မ​ဂ္ဂါ​ဝပ် (MW)
  • ​နှစ်​စဉ်​ထုတ်​လုပ်​မှု။ ၆,၆၈၅ ​ကီ​လို​ဝပ် ​နာ​ရီ​သန်း​ပေါင်း (Gwh)

​ပါ​ဝင်​ပတ်​သက်​နေ​သည့် ​ကု​မ္န​ဏီ​များ

​India
​အ​မျိုး​သား ​ရေ​အား​လျှပ်​စစ်​ထုတ်​လုပ်​ရေး ​ကော်​ပို​ရေး​ရှင်း (National Hydroelectric Power Corporation)
​Switzerland
​ကို​လင်​ကို ​စွမ်း​အင် ​အင်​ဂျင်​နီ​ယာ​ရင်း ​လီ​မိ​တက် (Colenco Power Engineering Ltd.)

​​ဘ​ဏ္ဍာ​ငွေ​ကြေး

​ထ​မံ​သီ​ဆည်​တည်​ဆောက်​ရန်​အ​တွက် ​ခန့်​မှန်း ​ကုန်​ကျ​မှု​စ​ရိတ်​မှာ ​အ​မေ​ရိ​ကန်​ဒေါ်​လာ ​သန်း ၃,​ဝဝ​ဝ ​ဖြစ်​ပါ​သည်။

​လျှပ်​စစ်​များ​က ​မည်​သည့်​နေ​ရာ​သို့ ​ပေး​ပို့​မည်​နည်း။

​ ​ထုတ်​လုပ်​သည့် ​လျှပ်​စစ်​စွမ်း​အား ၈၀% ​ကို ​အိ​န္ဒိ​ယ​နိုင်​ငံ​သို့ ​ပို့​လွှတ်​မည်​ဖြစ်​ပြီး၊ ​မြန်​မာ​နိုင်​ငံ​တွင် ​အ​သုံး​ပြု​မည့်​လျှပ်​စစ် ​ဓာတ်​အား​ကို ​မုံ​ရွာ​သ​တ္တု​တွင်း​သို့ ​ပို့​လွှတ်​အ​သုံး​ချ​မည်​ဟု ​သ​တင်း​များ​အ​ရ ​သိ​ရှိ​ရ​သည်။

​​​စီ​မံ​ချက် ​လက်​ရှိ​အ​ခြေ​အ​နေ - (၂၀​ဝ၈ ​ခု​နှစ် ​နို​ဝင်​ဘာ​လ ​နောက်​ဆုံး​အ​ခြေ​အ​နေ)

​ ​ဆည်​တည်​ဆောက်​မှု​ကို ၂၀​ဝရ ​ခု​နှစ်​တွင် ​စ​တင်​ခဲ့​ပါ​သည်။ ​စီ​မံ​ကိန်း ​အ​သေး​စိတ်​ကို ​အ​စီ​ရင်​ခံ​စာ (Master plan) ​ကို ​အိ​န္ဒိ​ယ​နိုင်​ငံ (NHPC) ​က ​ပြင်​ဆင်​နေ​ပါ​သည်။

​ဆိုး​ကျိုး​သက်​ရောက်​နိုင်​မှု​များ

ထ​မံ​သီ​ဆည် ​တည်​ဆောက်​မှု​ကြောင့် ​စစ်​ကိုင်း​တိုင်း​အ​တွင်း​ရှိ ​လူ​ပေါင်း ၃၀,​ဝဝ​ဝ ​ခန့် ​အိုး​အိမ်​ရွှေ့​ပြောင်း​ကြ​ရ​မည်​ဟု ​ခန့်​မှန်း​ထား​ပါ​သည်။ ​၎င်း​တို့​အ​ထဲ​တွင် ​ကူ​ကီး​လူ​မျိုး​များ​၏ ​ကျေး​ရွာ ၃၅ ​ခု ​ပါ​ဝင်​ပြီး ​မြေ​ဆီ​ဩ​ဇာ ​ကြွယ်​ဝ​သည့် ​မြေ​ဧ​က ၁၇,​ဝဝ​ဝ ​လည်း ​ရေ​လွှမ်း​မိုး​နစ်​မြုပ်​သွား​မည် ​ဖြစ်​ပါ​သည်။ ၂၀​ဝ၇ ​ခု​နှစ်၊ ​နှစ်​ကုန်​ပိုင်း​တွင် ​လယ်​ဗုံ​ဂျမ်း (Leivomjang) ​နှင့် ​တာ​ဇောင်း (Tazong) ​ကျေး​ရွာ​များ​မှ ​အိမ်​ထောင်​စု ၃၈၀ ​ကို ​​ပြောင်း​ရွှေ့​နေ​ရာ​ချ​ထား​ခဲ့​ပါ​သည်။ ​ဤ​ကျေး​ရွာ​များ​မှာ ​စစ်​ကိုင်း​တိုင်း၊ ​ထ​မံ​သီ​နှင့် ​ဟု​မ္မ​လင်း​ဒေ​သ​အ​ကြား​မှ ​ဖြစ်​ပါ​သည်။ ​၎င်း​ကျေး​ရွာ​သား​များ​ကို "​ရွှေ​ပြည်​အေး" ​ဟု ​အ​မည်​ပေး ​ထား​သည့် ​စု​စည်း​ကျေး​ရွာ​သစ်​သို့ ​ပြောင်း​ရွှေ့​စေ​ခဲ့​ပါ​သည်။ ​ထ​မံ​သီ ​ဘေး​မဲ့​တော​ဧ​ရိ​ယာ​၏ ၆% ​ကျော်​သည်​လည်း ​ဆည်​ကြောင့် ​ရေ​လွှမ်း​မိုး​နစ်​မြုပ်​သွား​မည် ​ဖြစ်​ပါ​သည်။ ​ဤ​နေ​ရာ​များ ​တွင် ​ယ​ခု​အ​ခါ ​တစ်ကမ္ဘာ​လုံး​၌ ​ရှား​ပါး​နေ​ပြီ​ဖြစ်​သည့် ​နို့​တိုက်​သ​တ္တ​ဝါ​များ ​ဖြစ်​သော Panthera tigris ​ကျား​များ၊ Elephus maximus ​ဆင်​များ၊ ​မြန်​မာ​နိုင်​ငံ​တွင် ​အ​တွေ့​ရ​များ​သည့် ​အ​ခွံ​မာ Kachuga travittata ​လိပ်​များ ​ပါ​ဝင်​ပါ​သည်။

အ​စိုး​ရ​က ​သ​ဘာ​ဝ​ပတ်​ဝန်း​ကျင် ​ပျက်​စီး​မှု ​အ​ကဲ​ဖြတ်​စစ်​ဆေး​ရေး ​ကော်​မ​ရှင်​တ​ခု​ကို ​ဖွဲ့​စည်း​တာ​ဝန်​ပေး​ခဲ့​ပါ​သည်။ ​ထို​သူ​များ​က ​မှတ်​တမ်း​ပြု​စု​ခဲ့​ကြ​ရာ​တွင် ​ငှက်​မျိုး ၃၃၂ ​မျိုး၊ ​နို့​တိုက်​သ​တ္တ​ဝါ ၅၉ ​မျိုး​နှင့် ​အင်း​ဆက် ​ပိုး​မွှား ၃၃၃ ​မျိုး၊ ​တွား​သွား​သ​တ္တ​ဝါ ၅၇ ​မျိုး၊ ​ငါး ၆၇ ​မျိုး၊ ​အ​ပင် ၅၂၆ ​မျိုး ​ရှိ​နေ​သည်​ဟု ​မှတ်​တမ်း​တင်​ခဲ့​ပါ​သည်။ ​၎င်း​တို့ ​အ​နက် ​အ​ချို့​မှာ ​ရှား​ပါး​သည့်​သစ်​ပင်​ပန်း​မာန် ​မျိုး​များ ​ဖြစ်​ကြ​ပါ​သည်။ ​ဆည်​တည်​ဆောက်​ပြီး​ပါ​က ​မြန်​မာ​နိုင်​ငံ​မှ ​အ​ခွံ​မာ ​လိပ်​များ​မှာ ​ကမ္ဘာတစ်​ခု​လုံး​၌ ​မျိုး​တုန်း​ပျောက်​ကွယ်​သွား​ဖွယ် ​ရှိ​ပါ​သည်။ ​အ​ကဲ​ဖြတ်​လေ့​လာ​ခဲ့​သည့် ​အ​ဖွဲ့​က ​အ​ရေး​ကြီး​ဇီ​ဝ ​သ​တ္တ​မျိုး​များ​ကို ​နစ်​နာ​မှု​သက်​သာ​စေ​ရန် ​နည်း​လမ်း​များ ​အ​ကြံ​ပြု​ခဲ့​ပါ​သည်။

Source from wikipedia

Read More...

Thursday, July 21, 2016

​ထ​မံ​သီ ​တော​ရိုင်း​တိ​ရ​စ္ဆာန် ​ဘေး​မဲ့​တော​

​ထ​မံ​သီ ​တော​ရိုင်း​တိ​ရ​စ္ဆာန် ​ဘေး​မဲ့​တော​သည် ​မြောက်​လ​တ္တီ​တွဒ်၂၅°၂၅'၊ ​အ​ရှေ့​လောင်​ဂျီ​တွဒ် ၉၅°၃၂'၊ ​စစ်​ကိုင်း​တိုင်း​ဒေ​သ​ကြီး၊ ​ဟု​မ္မ​လင်း​မြို့​နယ်​နှင့် ​ခ​န္တီး​မြို့​နယ်​များ​အ​တွင်း ​တွင်​တည်​ရှိ​သည်။ ​စ​တင်​တည်​ထောင်​ခဲ့​သည့်​ခု​နှစ်​မှာ ၁၉၇၄ ​ခု​နှစ်​ဖြစ်​ပြီး၊ ​အ​ကျယ်​အ​ဝန်း ၂၁၅၀.၇၃ ​စ​တု​ရန်း​ကီ​လို​မီ​တာ ​ကျယ်​ဝန်း​သည်။​အ​မြဲ​စိမ်း​တော ​နှင့် ​အ​ပေါ်​ပိုင်း​စို​စွတ်​တော​အ​မျိုး​အ​စား​များ ​ပေါက်​ရောက်​ကြ​သည်။ ​တော​ဘဲ​မန်​ဒါ​လီ(White-winged Duck)၊ ​အာ​ရှ​ဆင်၊ ​ကျား၊ ​မျောက်​လွှဲ​ကျော်​မျက်​ခုံး​ဖြူ(Western Hoolock Gibbon)၊ ​ရေ​ဗ​လုံ(Masked Finfoot) ​များ​ကျတ်​စား​နေ​ထိုင်​ကြ​သည်။ ​ဆူ​မား​တြား​ကြံ့ ​နှင့် ​ဂျာ​ဗား​ကြံ့ ​များ​သည် ၁၉၈၀ ​ခု​နှစ် ​မှ​စ​၍ ​မျိုး​သုဉ်း​သွား​သည့် ​အ​န္တ​ရာယ်​နှင့် ​ရင်​ဆိုင်​ခဲ့​ရ​သည်။
source from wikipedia

Read More...

Wednesday, July 20, 2016

ဟု​မ္မ​လင်း​မြို့​

​ဟု​မ္မ​လင်း​မြို့​သည် ​စစ်​ကိုင်း​တိုင်း၊ ​ခ​န္တီး​ခ​ရိုင် ​အ​တွင်း ​ပါ​ဝင်​ခဲ့​၍ ​ချင်း​တွင်း​မြစ်​၏ ​လက်​ဝဲ​ဘက် ​ကမ်း​ပေါ်​တွင် ​ကင်း​တပ်​မြို့​မှ ​မိုင် ၁၃​ဝ ​အ​ကွာ​၌ ​တည်​ရှိ​သည်။ ​မိုး​အ​ခါ​တွင်​ချင်း​တွင်း​မြစ် ​တစ်​လျှောက် ​မီး​သင်္ဘောများ​သည် ​ဟု​မ္မ​လင်း ​အ​ထိ ​ဆန်​တက် ​နိုင်​ပေ​သည်။ ​မြစ်​လမ်း​အား​ဖြင့် ​ပ​ခု​က္ကူ​မြို့​မှ ၃၉၇ ​မိုင်​ကွာ​ဝေး​သည်။ ​ခ​န္တီး​ခ​ရိုင်​အ​တွင်း​ပါ​ဝင်​ခဲ့​သည့် ​ဟု​မ္မ​လင်း​တိုင်း​ခွဲ​၏ ​ရုံး​စိုက်​မြို့​လည်း ​ဖြစ်​ခဲ့​သည်။ ​ယ​ခု​အ​ခါ ​စစ်​ကိုင်း​တိုင်း​အ​တွင်း​၌ ​ပါ​ဝင်​သော ​ဟု​မ္မ​လင်း ​မြို့​နယ်​၏ ​ရုံး​စိုက်​မြို့ ​ဖြစ်​သည်။ ရှမ်းနီလူမျိုးများအဓိကနေထိုင်ကြပြီး ချင်းနှင့် နာဂ လူမျိုးများလည်းအနည်းငယ်ရှိသည်။တောင်သူအလုပ်ကို အဓိကထားလုပ်ကိုင်ကြပြီး ချင်းတွင်းမြစ်အထက်ပိုင်းနှင့် ဥရုချောင်းတစ်လျောက်တွင် ရွှေတူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်ကြသည်။ ထမံသီဘေးမဲ့တောသည် ဟု​မ္မ​လင်း​မြို့နယ်၊ ​​ခ​န္တီး​ခ​ရိုင်၊ ထမံသီကျေးရွာအနီးတွင်တည်ရှိသည်။

၁၈၉၉ ​ခု​နှစ်​တွင် ​နောင်​ပ​ကျစ်​ရွာ​အ​ပါ​အ​ဝင် ​ဟု​မ္မ​လင်း​ရွာ​ကို ​မြို့​အ​ဖြစ် ​အ​စိုး​ရ​က ​သတ်​မှတ်​ကြေ​ညာ​ခဲ့​၏။ ​ဟု​မ္မ​လင်း​ဟူ​သည် ​ရှမ်း​ဘာ​သာ ​ဝေါ​ဟာ​ရ​ဖြစ်​၍ ​ညောင်​ပိ​န္နဲ​ဟု ​အ​ဓိ​ပ္ပါယ်​ရ​လေ​သည်။ ​ဟု​မ္မ​လင်း​မြို့​တွင် ​မြို့​နယ် ​အုပ်​ချုပ်​ရေး​ဆိုင်​ရာ ​အ​ကြီး​အ​ကဲ ​များ​၏ ​ရုံး​များ၊ ​မြို့​နယ် ​ပ​ညာ​ရေး​မှူး​ရုံး၊ ​ကုန်​သွယ်​ရေး​ရုံး၊ ​ပြည်​သူ့​ရဲ​တပ်​ဖွဲ့​စ​ခန်း၊ ​သစ်​တော​ရုံး၊ ​သ​မ​ဝါ​ယ​မ​မြို့​နယ်​မှူး​ရုံး၊ ​လူ​ဝင်​မှု​ကြီ​ကြပ်​ရေး​မှူး​ရုံး ​စ​သည်​တို့ ​ရှိ​သည်။ ​ဟု​မ္မ​လင်း​မြို့​နယ်​၏ ​လူ​ဦး​ရေ​မှာ ၁၉၇၂ ​ခု​နှစ် ​ခန့်​မှန်း​ခြေ ​အ​ရ ၉၁​ဝ​ဝ​ဝ ​ဖြစ်​၏။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ပေါင်း(၁၀)ခရိုင်ရှိသည့်အနက် ခ​န္တီး​ခ​ရိုင် ​အ​တွင်းပါဝင်သည်။



သမိုင်း

ဒုတိယကမ္ဘာစစ်တွင် ဟု​မ္မ​လင်း​မြို့​ကိုဂျပန်တို့က ၁၉၄၄ခုနှစ်၊ ဇွန်လ အစောပိုင်းကာလများအထိ သိမ်းပိုက်ထားခဲ့ကြပြီး ၄င်းတို့ဆုတ်ခွာသွားပြီးနောက် ဟု​မ္မ​လင်း​မြို့​ကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။ ၁၉၈၈ခုနှစ်၊ သြဂုတ်လ(၆)ရက်တွင်မူ ဟု​မ္မ​လင်း​မြို့​အနီးဗဟိုပြုကာ ငလျှင်လှုပ်ခတ်သွားခဲ့ပြီး (၃)ဦးသေဆုံးကာ အဆောက်အဦးတော်တော်များများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။

ပထဝီအနေအထား

ဟု​မ္မ​လင်း​မြို့​သည် အိန္ဒိယနယ်စပ်အနီးရှိ ပေ ၉၀၀၀ အမြင့်ရှိသော ချင်းတောင်တန်းများကိုနောက်ခံထားကာချင်းတွင်းမြစ်ကမ်းပေါ်တွင် မေးတင်လျှက်တည်ရှိနေသော မြို့ငယ်လေးတစ်မြို့ဖြစ်သည်။တောင်စောင်းများတွင်မူ တောင်ယာစိုက်ခင်းများစွာရှိသည်။ပထဝီအကျယ်အဝန်းမှာ ၂၇၆၈၉၂၇ ဧက ဖြစ်ပြီး၊စိုက်ပျိုးမြေ ၁၈၀၃၉ ဧက၊ မြေလွတ်မြေရိုင်း ၇၀၆၃၁၇ ဧက ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၁ မီတာတွင်တည်ရှိပါသည်။

ရာသီဥတု

တောတောင်ထူထပ်ကာ ချင်းတွင်းမြစ်ကမ်းဘေးတွင်တည်ရှိခြင်းကြောင့် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများမှ လွှဲ၍ ပူနွေးသောရာသီဥတုဖြစ်သည်။

ပို့ဆောင်ဆက်သွယ်ရေးစနစ်

ဟု​မ္မ​လင်း​မြို့​၏ အဓိကပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းမှာ ရေကြောင်းနှင့်လေကြောင်းခရီးသာဖြစ်သည်။ တောင်ကုန်းတောင်တန်းများထူထပ်သဖြင့် ရထားလမ်းနှင့် ကားလမ်းဖောက်လုပ်ရန်မှာမလွယ်ကူလှပေ။ကားလမ်းအနေဖြင့် သပိတ်ကျင်း-ဖောင်းပြင်-ခန္တီး လမ်းရှိပြီး ၃၃ဝမိုင် ရှည်လျှားကာ ရာသီမရွေးသွားလာနိုင်သော လမ်းဖြစ်အောင် ပြင်ဆင်တိုးချဲ့လျှက်ရှိသည်။ အရှည်၁ဝဝဝပေ နှင့် အကျယ် ၁၆ပေ ရှိသော ဉရုမြစ်ကူးတံတားကိုလည်း တည်ဆောက်လျှက်ရှိသည်။ ဟု​မ္မလင်းလေဆိပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၈ပေ(၁၅၂ မီတာ)တွင်တည်ရှိပြီး ၃၀၀၂ပေ(၉၁၅ မီတာ)ရှည်လျှားသည်။ ရန်ကုန် နှင့် မန်းလေးမြို့များသို့အပတ်စဉ် ပျံသန်းပြေးဆွဲလျှက်ရှိသည်။​


Read More...