ဟုမ္မလင်းမြို့သည် စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် အတွင်း ပါဝင်ခဲ့၍ ချင်းတွင်းမြစ်၏ လက်ဝဲဘက် ကမ်းပေါ်တွင် ကင်းတပ်မြို့မှ မိုင် ၁၃ဝ အကွာ၌ တည်ရှိသည်။ မိုးအခါတွင်ချင်းတွင်းမြစ် တစ်လျှောက် မီးသင်္ဘောများသည် ဟုမ္မလင်း အထိ ဆန်တက် နိုင်ပေသည်။ မြစ်လမ်းအားဖြင့် ပခုက္ကူမြို့မှ ၃၉၇ မိုင်ကွာဝေးသည်။ ခန္တီးခရိုင်အတွင်းပါဝင်ခဲ့သည့် ဟုမ္မလင်းတိုင်းခွဲ၏ ရုံးစိုက်မြို့လည်း ဖြစ်ခဲ့သည်။ ယခုအခါ စစ်ကိုင်းတိုင်းအတွင်း၌ ပါဝင်သော ဟုမ္မလင်း မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ရှမ်းနီလူမျိုးများအဓိကနေထိုင်ကြပြီး ချင်းနှင့် နာဂ လူမျိုးများလည်းအနည်းငယ်ရှိသည်။တောင်သူအလုပ်ကို အဓိကထားလုပ်ကိုင်ကြပြီး ချင်းတွင်းမြစ်အထက်ပိုင်းနှင့် ဥရုချောင်းတစ်လျောက်တွင် ရွှေတူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်ကြသည်။ ထမံသီဘေးမဲ့တောသည် ဟုမ္မလင်းမြို့နယ်၊ ခန္တီးခရိုင်၊ ထမံသီကျေးရွာအနီးတွင်တည်ရှိသည်။
၁၈၉၉ ခုနှစ်တွင် နောင်ပကျစ်ရွာအပါအဝင် ဟုမ္မလင်းရွာကို မြို့အဖြစ် အစိုးရက သတ်မှတ်ကြေညာခဲ့၏။ ဟုမ္မလင်းဟူသည် ရှမ်းဘာသာ ဝေါဟာရဖြစ်၍ ညောင်ပိန္နဲဟု အဓိပ္ပါယ်ရလေသည်။ ဟုမ္မလင်းမြို့တွင် မြို့နယ် အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲ များ၏ ရုံးများ၊ မြို့နယ် ပညာရေးမှူးရုံး၊ ကုန်သွယ်ရေးရုံး၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ သစ်တောရုံး၊ သမဝါယမမြို့နယ်မှူးရုံး၊ လူဝင်မှုကြီကြပ်ရေးမှူးရုံး စသည်တို့ ရှိသည်။ ဟုမ္မလင်းမြို့နယ်၏ လူဦးရေမှာ ၁၉၇၂ ခုနှစ် ခန့်မှန်းခြေ အရ ၉၁ဝဝဝ ဖြစ်၏။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ပေါင်း(၁၀)ခရိုင်ရှိသည့်အနက် ခန္တီးခရိုင် အတွင်းပါဝင်သည်။

သမိုင်း
ဒုတိယကမ္ဘာစစ်တွင် ဟုမ္မလင်းမြို့ကိုဂျပန်တို့က ၁၉၄၄ခုနှစ်၊ ဇွန်လ အစောပိုင်းကာလများအထိ သိမ်းပိုက်ထားခဲ့ကြပြီး ၄င်းတို့ဆုတ်ခွာသွားပြီးနောက် ဟုမ္မလင်းမြို့ကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။ ၁၉၈၈ခုနှစ်၊ သြဂုတ်လ(၆)ရက်တွင်မူ ဟုမ္မလင်းမြို့အနီးဗဟိုပြုကာ ငလျှင်လှုပ်ခတ်သွားခဲ့ပြီး (၃)ဦးသေဆုံးကာ အဆောက်အဦးတော်တော်များများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။
ပထဝီအနေအထား
ဟုမ္မလင်းမြို့သည် အိန္ဒိယနယ်စပ်အနီးရှိ ပေ ၉၀၀၀ အမြင့်ရှိသော ချင်းတောင်တန်းများကိုနောက်ခံထားကာချင်းတွင်းမြစ်ကမ်းပေါ်တွင် မေးတင်လျှက်တည်ရှိနေသော မြို့ငယ်လေးတစ်မြို့ဖြစ်သည်။တောင်စောင်းများတွင်မူ တောင်ယာစိုက်ခင်းများစွာရှိသည်။ပထဝီအကျယ်အဝန်းမှာ ၂၇၆၈၉၂၇ ဧက ဖြစ်ပြီး၊စိုက်ပျိုးမြေ ၁၈၀၃၉ ဧက၊ မြေလွတ်မြေရိုင်း ၇၀၆၃၁၇ ဧက ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၁ မီတာတွင်တည်ရှိပါသည်။
ရာသီဥတု
တောတောင်ထူထပ်ကာ ချင်းတွင်းမြစ်ကမ်းဘေးတွင်တည်ရှိခြင်းကြောင့် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများမှ လွှဲ၍ ပူနွေးသောရာသီဥတုဖြစ်သည်။
ပို့ဆောင်ဆက်သွယ်ရေးစနစ်
ဟုမ္မလင်းမြို့၏ အဓိကပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းမှာ ရေကြောင်းနှင့်လေကြောင်းခရီးသာဖြစ်သည်။ တောင်ကုန်းတောင်တန်းများထူထပ်သဖြင့် ရထားလမ်းနှင့် ကားလမ်းဖောက်လုပ်ရန်မှာမလွယ်ကူလှပေ။ကားလမ်းအနေဖြင့် သပိတ်ကျင်း-ဖောင်းပြင်-ခန္တီး လမ်းရှိပြီး ၃၃ဝမိုင် ရှည်လျှားကာ ရာသီမရွေးသွားလာနိုင်သော လမ်းဖြစ်အောင် ပြင်ဆင်တိုးချဲ့လျှက်ရှိသည်။ အရှည်၁ဝဝဝပေ နှင့် အကျယ် ၁၆ပေ ရှိသော ဉရုမြစ်ကူးတံတားကိုလည်း တည်ဆောက်လျှက်ရှိသည်။ ဟုမ္မလင်းလေဆိပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၈ပေ(၁၅၂ မီတာ)တွင်တည်ရှိပြီး ၃၀၀၂ပေ(၉၁၅ မီတာ)ရှည်လျှားသည်။ ရန်ကုန် နှင့် မန်းလေးမြို့များသို့အပတ်စဉ် ပျံသန်းပြေးဆွဲလျှက်ရှိသည်။
No comments:
Post a Comment