ယနေ့ ခေတ်ဟာ အသိပညာခေတ်ဖြစ်ပါတယ်။ Age of Knowledge လို့ဆိုကြပါတယ်။ အသိပညာခေတ်မှာ ‘ဒီအသိပညာရရှိဖို့ အတွက် အသိပညာလိုလားသူများဟာ နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေကြပါတယ်။ ရေဒီယို၊ရုပ်မြင်သံကြားမှတဆင့် ကိုယ်လိုချင်တဲ့ အသိပညာရနိုင်သလို ဂျာနယ်၊မဂ္ဂဇင်းနှင့် သတင်းစာတို့မှလည်း ကိုယ်သိချင်တဲ့ အကြောင်းအရာတွေ သိရှိနိုင်ပါတယ်။ ကိုယ်သိချင်တဲ. ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို ရှာဖွေရာမှာInternet ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကိုလည်းမေ့ထားလို့ မရပါဘူး။Internet ဟာ သုတေသနပညာရှင်နှင့် နည်းပညာရှင်တွေ အတွက် အရေးပါသလို ဗဟုသုတရှာဖွေသူနှင့် အခြားသုတေသီများအတွက်လည်း မရှိမဖြစ် အသုံးဝင်ပါတယ်။ ဒီလိုဆိုတော့လည်းInternet ဟာ အသိပညာတွေကိုဘက်ပေါင်းစုံမှ ဖြည့်ဆည်းပေးတဲ့ ဟင်းလေးအိုးကြီးလို့ထင်မှတ်စရာပါ။ ဒါပေမယ့် Internetဟာ သုံးစွဲသူတွေကို ကောင်းကျိုးပေးသလို ဆိုးကျိုးတွေလည်းပေးတတ်ပါတယ်။ ဒီနေရာမှာ အထူးတင်ပြချင်တာကInternet သုံးခြင်းကြောင့် ဖြစ်ပေါ်စေတဲ့ ကောင်းကျိုးများနှင့်ဆိုးကျိုးများ ပဲဖြစ်ပါတယ်။
Internet သုံးခြင်းကြောင့် ရရှိခံစားစေမယ့် ကောင်းကျိုးများကတော့-
(၁) အသိပညာများ မျှဝေနိုင်ခြင်း
သိပ္ပံပညာရှင်များနှင့် တီထွင်ဖန်တီးသူများဟာInternet ပေါ်မှာ သူတို့ရဲ့ တွေ့ရှိချက်တွေကို ဖော်ပြထားပြီး လုပ်ဆောင်ချက်နှင့် ပတ်သက်၍ လမ်းညွှန်မှုများလည်း ပေးထားပါတယ်။ ထိုနည်းတူပဲ ဘာသာရပ်ဆိုင်ရာ သုတေသီပညာရှင်တွေရဲ့ စာတမ်းများ၊ အကြံပြုစာများနှင့် ဝေဖန်သုံးသပ်ချက်များကိုလည်း ရှာဖွေစုဆောင်း ဖတ်ရှုနိုင်ပါတယ်။ သူတို့တွေရဲ့ အသိပညာတွေကို ရယူနိုင်သလို မိမိသိရှိထားသမျှကိုလည်းInternet ပေါ်မှာ ပြန်လည်မျှေဝနိုင်ပါတယ်။ သို့ဖြစ်၍Internet မှတဆင့် အသိပညာတွေကို အပြန်အလှန် မျှေဝခံစားနိုင်ပါတယ်။
(၂) အပြန်အလှန်ဆက်သွယ်နိုင်ခြင်း
Internetကို အမှီပြု၍ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို လူတွေဟာအချင်းချင်း နည်းလမ်းအမျိုးမျိုးဖြင့် အပြန်အလှန်ဆက်သွယ်နိုင်ကြပါတယ်။ E-mail ? Chatting ? Video Conferenceing ? Internet Telephone အစရှိသည့် နည်းလမ်းတစ်မျိုးမျိုးဖြင့် မိမိသိလိုသောကြောင်းအရာများနှင့် အခြားအရေးပေါ်ကိစ္စများကို အချိန်နှင့်တပြေးညီ ဆက်သွယ် ဆောင်ရွက်နိုင်ကြပါတယ်။
(၃) အလုပ်အကိုင်အခွင့်အလမ်း
Internet ပေါ်မှတဆင့် နိုင်ငံတကာမှ ကုမ္မဏီများနှင့် အဖွဲ.အစည်းများက ခေါ်ယူနေတဲ့ အလုပ်အမျိုးမျိုးကို မိမိကျွမ်းကျင်မှုပေါ်မူတည်ပြီး အလုပ်လျှောက်နိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။
(၄) စျေးဝယ်ခြင်း၊လက်မှတ်ဝယ်ခြင်း
Internetပေါ်မှတဆင့် ကုန်တိုက်နှင့်စတိုးဆိုင် အမျိုးမျိုးမှ မိမိကြိုက်နှစ်သက်ရာ ပစ္စည်းတွေကို မည်သည့်အချိန်မှာမဆို ဝယ်ယူနိုင်တဲ့အတွက် အချိန်ကုန်သက်သာပြီး လူပင်ပန်းမှုကင်းဝေးစေပါတယ်။Internetပေါ်မှတဆင့် ရုပ်ရှင်လက်မှတ်၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ်တွေ ကြိုတင်ဝယ်ယူနိုင်တဲ့ အခွင့်အရေးတွေလည်းရှိပါသေးတယ်။>
(၅) ပညာရေးနှင့် အခြားဝန်ဆောင်မှု
ကိုယ်လိုချင်တဲ့ ပညာရပ်တွေကိုလည်းInternet ပေါ်မှတဆင့် သင်ယူနိုင်တဲ့ အခွင့်အရေးတွေ ကလည်းအများကြီးပါ။ ဖျော်ဖြေရေးနှင့် ကျန်းမာရေးဆိုင်ရာကုသမှု အစရှိသဖြင့်Internet သုံးခြင်းကြောင့် ရရှိခံစားစေမယ့် အခြားကောင်းကျိုးများလည်းရှိပါသေးတယ်။
အခုInternet သုံးခြင်းကြောင့် ဖြစ်ပေါ်စေတတ်တဲ့ ဆိုးကျိုးများကို ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။Internet သုံးခြင်းကြောင့် ဖြစ်ပေါ်စေတတ်တဲ့ဆိုးကျိုးများကတော့-
(၁) Virus အန္တရာယ်
Internet မှတဆင့်ကိုယ်လိုချင်တဲ့ Software, Game, Song, Picture တွေ ရယူနိုင်ပါတယ်။ အဲဒီလို ရယူနိုင်သလို သူတို့နှင့်အတူ Virus တွေပါ ပါလာတာကိုတွေ့ရပါမယ်။ Virus တွေကြောင့် ကိုယ်ရဲ့ ကွန်ပျူတာထဲမှာရှိတဲ့ အချက်အလက်တွေ ဖျက်ဆီးတတ်တဲ့ အန္တရာယ် ကို Internet သုံးစွဲသူတိုင်း သတိပြုသင့်ပါတယ်။
(၂)Security အားနည်းမှုရှိခြင်း
Internet သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အားနည်းချက်တစ်ခုက Security ပဲဖြစ်ပါတယ်။ Online shopping ပဲဖြစ်ဖြစ် Online banking ပဲဖြစ်ဖြစ် အသုံးပြုမယ်ဆိုရင် ကိုယ်ရဲ့နာမည်၊ ကိုယ်ရဲ့ လိပ်စာ၊ ကိုယ်ရဲ့ Email? ကိုယ်ရဲ့ Credit နံပါတ် အစရှိသဖြင့် ကိုယ်ရေးအချက်အလက်တွေ အတွက်လုံခြုံစိတ်ချမှု မရှိပါဘူး။ Security အားနည်းမှုကြောင့် online အသုံးပြုသူဟာ ကိုယ်ရေးအချက်အလက်တွေ အခြားသူဆီမရောက်အောင် သတိပြုဆင်ခြင်ရပါမယ်။
(၃) အချက်အလက်မှန်ကန်မှု
Internet ပေါ်က အချို့အချက်အလက်တွေက တိကျမှန်ကန်မှု အားနည်းပါတယ်။Website ပေါင်းများစွာက အချက်အလက်တွေကိုInternet ပေါ်မှာ စုစည်းတင်ပြထားတာကြောင့် အချို့အချက်အလက်တွေက တစ်ခုနှင့်တစ်ခု မကိုက်ညီမှု၊ ရောထွေးမှုရှိတာတွေ့ရပါမယ်။
(၄) ကိုယ်ကျင့်စာရိတ္တ
Internet ပေါ်မှ ညစ်ညမ်းပုံတွေ၊ဗွီဒီယိုတွေဟာ ဆယ်ကျော်သက်အရွယ် ကလေးတွေအတွက် လုံးဝမသင့်တော်ပါဘူး။ ထိုညစ်ညမ်းပုံတွေ ဗွီဒီယိုတွေ ကြည့်ပြီး လူငယ်တွေ အတုမြင်အတတ်သင် ဖြစ်စေတဲ့ အတွက် ကိုယ်ကျင့်စာရိတ္တ ပျက်ပြားမှုတွေ ရှိတတ်ပါတယ်။
(၅) ဘာသာစကား
အများအားဖြင့် Internet မှာ ရှိတဲ့ အချက်အလက်တွေကို နိုင်ငံတကာသုံးဖြစ်တဲ့ အင်္ဂလိပ် ဘာသာစကားဖြင့် စုစည်းထားတဲ့ အတွက် ဘာသာစကားမတူသူများနှင့် အင်္ဂလိပ်စာအားနည်းသူများ အတွက် လေ့လာဖို့ အခက်အခဲ ရှိပါတယ်။ အခြား ကိုယ်ပိုင်ဘာသာစကားဖြင့် အသုံးပြုထားတဲ့Website တွေရှိပေမယ့် နည်းပါးပြီး အချက်အလက်တွေ အပြည့်အစုံ မပေးစွမ်းနိုင်ပါဘူး။
ထို့ပြင် ကလေးတွေအတွက် အချိန်ကို အကျိုးရှိစွာ အသုံးမချဘဲInternet ဖြင့် အချိန်ဖြုန်းခြင်း ၊Internet ပေါ်မှ ဝန်ဆောင်မှုအချို့ကို ယုံကြည်အားကိုးလွန်းခြင်း စသည့် အခြားဆိုးကျိုးတွေလည်း ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတရှာဖွေသူများနှင့် နည်းပညာနောက်ကိုလိုက်နေသူများ အတွက်Internetက ဘက်စုံ ထောင့်စုံက ဖြည့်ဆည်းပေးနိုင်စွမ်းရှိပါတယ်။ ခေတ်ရေစီးကြောင်းနှင့် အညီ ကမ္ဘာနှင့်တဝှမ်းမှာInternet သုံးစွဲသူအရေအတွက်ဟာ သန်းနှင့်ချီပြီး ရှိပါတယ်။ အဲဒီတော့ သူရဲ့ အံ့မခန်းဖွယ် ပေးစွမ်းနိုင်တဲ့ ကောင်းကျိုးတွေကို သိရှိရုံသာမက ဖြစ်တတ်တဲ့ ဆိုးကျိုးတွေ ကိုလည်း သတိဖြင့် ရှောင်ကြည်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း တင်ပြလိုက်ရပါတယ်။
Source from mysteryzillion
No comments:
Post a Comment